တကယ့်လူလည်

Unicode

တကယ့်လူလည်

ရွာတစ်ရွာမှာ ထင်ရှားကျော်ကြားတဲ့ သချၤာပညာရှင်ကြီးတစ်ယောက် ရှိတယ်။ သူဟာသချၤာပညာမှာ တော်လွန်းလို့ ဘုရင်ကတောင် သချၤာဘာသာအတွက် သူ့ကို ခေါ်ယူတိုင်ပင်ရတယ်။

တနေ့မှာ ရွာသူကြီးက သူ့အိမ်ကို လာလည်ရင်း ခုလို ပြောတယ်။

- "ခင်ဗျားကသာ ဘုရင်ရဲ့ အတိုင်ပင်ခံလို ဖြစ်နေတာ ခင်ဗျားရဲ့သားကတော့ ရွှေနဲ့ငွေမှာ ဘယ်ဟာက ပိုအဖိုးတန်မှန်းတောင် မသိဘူး။ ထူလိုက် အလိုက်တာ လွန်ရောဗျာ" တဲ့။


နောက်ပိုင်းမှာလည်း နေ့စဉ်ရက်ဆက် အဲဒီစကားကို ကျန်တဲ့ ရွာလူကြီးတွေရှေ့မှာ ပြောပြီး စနောက်နေလို့ သချၤာပညာရှင်ဟာ ကြာတော့ ရှက်လာတယ်။


ဒါကြောင့် ၁၀ တန်းကျောင်းသားဖြစ်တဲ့ သူ့သားကို မေးတယ်။

- "သား ရွှေနဲ့ငွေ ဘယ်ဟာက ပိုပြီး အဖိုးတန်သလဲ"

- "ရွှေပါ အဖေ"

- "ဒါဆိုရင် မင်းက ဘာလို့ ရွာလူကြီးကို ငွေက ပိုအဖိုးတန်တယ်လို့ ပြောရတာလဲ။ အဖေ့ကို မင်းဟာ ရွှေနဲ့ငွေ ဘယ်ဟာပိုတန်မှန်းတောင် မသိဘူးလို့ နေ့တိုင်းလာပြောနေတော့ အဖေ ရှက်တာပေါ့"

- "အော်၊ ဒီလိုလား။ သားရှင်းပြပါမယ်။ ကျွန်တော် မနက် ကျောင်းသွားလို့ သူကြီးအိမ်ရှေ့ဖြတ်တိုင်း သူကြီးက ကျွန်တော့်ကို အိမ်ပေါ်ခေါ်တယ်။ ပြီးရင် သူက လက်ဖဝါးတစ်ဖက်ပေါ်မှာ ရွှေဒင်္ဂါးတစ်ပြားနဲ့ နောက်လက်ဖဝါးပေါ်မှာ ငွေဒင်္ဂါးတစ်ပြားကို တင်ထားပြီး ပိုတန်ဖိုးကြီးတာကို ယူလို့ ပြောလို့ ငွေဒင်္ဂါးပြားကို ယူပြီး အိမ်ပေါ်က ဆင်းလာတယ်။ သူကြီးနဲ့ ရွာလူကြီးတွေ တဟားဟားနဲ့ ရယ်မောကျန်ရစ်နေခဲ့ကြတယ်။ နေ့တိုင်း သူကြီးက ရွှေနဲ့ငွေ တန်ဖိုးကြီးတာကို ရွေးခိုင်းပြီး ရယ်စရာလုပ်နေကြတယ်"

- " သား မင်းဟာ ရွှေက တန်ဖိုးပိုကြီးမှန်းသိရက်သားနဲ့ နေ့တိုင်း ဘာလို့ ငွေဒင်္ဂါးတွေကိုပဲ ရွေးချယ်ရတာလဲ"

- အဖေ သားအခန်းထဲကို ခဏလိုက်ခဲ့ပါ။ ပြစရာ ရှိလို့ပါ။


အဖေဟာ သားအခန်းထဲကို လိုက်သွားတယ်။ သားက သူ့ကုတင်အောက်က သေတ္တာတစ်လုံးကို ဆွဲထုတ်လိုက်ပြီး အဖုံးကို ဖွင့်ပြလိုက်တယ်။ သေတ္တာထဲမှာ ငွေဒင်္ဂါးအပြား တစ်ရာလောက် ရှိမယ်။ သားက သူ့အဖေကို လှည့်ကြည့်ရင်း ခုလိုပြောလိုက်တယ်။

- "တကယ်လို့ သားသာ ရွှေဒင်္ဂါးပြားကို ရွေးချယ်လိုက်ရင် ပထမနေ့မှာပဲ ပွဲပြီးသွားမှာပေါ့။ သူကြီးက ရွှေဒင်္ဂါးပြားကို နောက်ရက် ဘယ်ပေးပါတော့မလဲ"


#တကယ့်လူလည်တွေဟာ "လူအ"လို ဟန်ဆောင်တတ်ကြတယ်။ သူတို့ကို "လူအ"လို့ ထင်နေကြသူတွေကို ပိုလိမ်လို့ လွယ်ကူပါတယ်။


Zawgyi

တကယ့္လူလည္


ရြာတစ္ရြာမွာ ထင္ရွားေက်ာ္ၾကားတဲ့ သခ်ၤာပညာရွင္ႀကီးတစ္ေယာက္ ရွိတယ္။ သူဟာသခ်ၤာပညာမွာ ေတာ္လြန္းလို႔ ဘုရင္ကေတာင္ သခ်ၤာဘာသာအတြက္ သူ႔ကို ေခၚယူတိုင္ပင္ရတယ္။


တေန႔မွာ ရြာသူျကီးက သူ႔အိမ္ကို လာလည္ရင္း ခုလို ေျပာတယ္။

- "ခင္ဗ်ားကသာ ဘုရင္ရဲ႕ အတိုင္ပင္ခံလို ျဖစ္ေနတာ ခင္ဗ်ားရဲ႕သားကေတာ့ ေရႊနဲ႔ေငြမွာ ဘယ္ဟာက ပိုအဖိုးတန္မွန္းေတာင္ မသိဘူး။ ထူလိုက္ အလိုက္တာ လြန္ေရာဗ်ာ" တဲ့။


ေနာက္ပိုင္းမွာလည္း ေန႔စဥ္ရက္ဆက္ အဲဒီစကားကို က်န္တဲ့ ရြာလူႀကီးေတြေရွ႕မွာ ေျပာၿပီး စေနာက္ေနလို႔ သခ်ၤာပညာရွင္ဟာ ၾကာေတာ့ ရွက္လာတယ္။


ဒါေၾကာင့္ ၁၀ တန္းေက်ာင္းသားျဖစ္တဲ့ သူ႔သားကို ေမးတယ္။

- "သား ေရႊနဲ႔ေငြ ဘယ္ဟာက ပိုၿပီး အဖိုးတန္သလဲ"

- "ေရႊပါ အေဖ"

- "ဒါဆိုရင္ မင္းက ဘာလို႔ ရြာလူႀကီးကို ေငြက ပိုအဖိုးတန္တယ္လို႔ ေျပာရတာလဲ။ အေဖ့ကို မင္းဟာ ေရႊနဲ႔ေငြ ဘယ္ဟာပိုတန္မွန္းေတာင္ မသိဘူးလို႔ ေန႔တိုင္းလာေျပာေနေတာ့ အေဖ ရွက္တာေပါ့"

- "ေအာ္၊ ဒီလိုလား။ သားရွင္းျပပါမယ္။ ကၽြန္ေတာ္ မနက္ ေက်ာင္းသြားလို႔ သူႀကီးအိမ္ေရွ႕ျဖတ္တိုင္း သူႀကီးက ကၽြန္ေတာ့္ကို အိမ္ေပၚေခၚတယ္။ ၿပီးရင္ သူက လက္ဖဝါးတစ္ဖက္ေပၚမွာ ေရႊဒဂၤါးတစ္ျပားနဲ႔ ေနာက္လက္ဖဝါးေပၚမွာ ေငြဒဂၤါးတစ္ျပားကို တင္ထားျပီး ပိုတန္ဖိုးႀကီးတာကို ယူလို႔ ေျပာလို႔ ေငြဒဂၤါးျပားကို ယူၿပီး အိမ္ေပၚက ဆင္းလာတယ္။ သူႀကီးနဲ႔ ရြာလူႀကီးေတြ တဟားဟားနဲ႔ ရယ္ေမာက်န္ရစ္ေနခဲ့ၾကတယ္။ ေန႔တိုင္း သူႀကီးက ေရႊနဲ႔ေငြ တန္ဖိုးႀကီးတာကို ေရြးခိုင္းၿပီး ရယ္စရာလုပ္ေနၾကတယ္"

- " သား မင္းဟာ ေရႊက တန္ဖိုးပိုျကီးမွန္းသိရက္သားနဲ႔ ေန႔တိုင္း ဘာလို႔ ေငြဒဂၤါးေတြကိုပဲ ေရြးခ်ယ္ရတာလဲ"

- အေဖ သားအခန္းထဲကို ခဏလိုက္ခဲ့ပါ။ ျပစရာ ရွိလို႔ပါ။


အေဖဟာ သားအခန္းထဲကို လိုက္သြားတယ္။ သားက သူ႔ကုတင္ေအာက္က ေသတၱာတစ္လံုးကို ဆြဲထုတ္လိုက္ၿပီး အဖံုးကို ဖြင့္ျပလိုက္တယ္။ ေသတၱာထဲမွာ ေငြဒဂၤါးအျပား တစ္ရာေလာက္ ရွိမယ္။ သားက သူ႔အေဖကို လွည့္ၾကည့္ရင္း ခုလိုေျပာလိုက္တယ္။

- "တကယ္လို႔ သားသာ ေရႊဒဂၤါးျပားကို ေရြးခ်ယ္လိုက္ရင္ ပထမေန႔မွာပဲ ပြဲၿပီးသြားမွာေပါ့။ သူႀကီးက ေရႊဒဂၤါးျပားကို ေနာက္ရက္ ဘယ္ေပးပါေတာ့မလဲ"


#တကယ့္လူလည္ေတြဟာ "လူအ"လို ဟန္ေဆာင္တတ္ၾကတယ္။ သူတို႔ကို "လူအ"လို႔ ထင္ေနၾကသူေတြကို ပိုလိမ္လို႔ လြယ္ကူပါတယ္။


Comments