မိမိတတ္ထား​ေသာ ဥာဏ္ပညာ​ေ​ၾကာင့္ ဘယ္​ေတာ့မွမာန္မတက္...

 ပုံပြင် ( ၂  )

Unicode

မိမိတတ္ထားတဲ့ ဉာဏ်ပညာကြောင့် 

ဘယ်တော့မှ မာန်မတက်ပါနဲ့ ....။

----------------------------

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ အလွန်တော်တဲ့ ပန်းပုဆရာတစ်ယောက်ရှိပါသတဲ့။ သူ့ရဲ့ပန်းပုပညာဟာ ဘယ်လောက်လက်ရာမြောက်သလဲဆိုရင်အစစ်နဲ့တောင်ခွဲဖို့ခက်လှပါတယ်။


တစ်ညမှာတော့ ပန်းပုဆရာဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်တယ်။အိပ်မက်ထဲမှာ သေမင်းက နောက်၁၅ရက်အကြာမှာ သူ့ကို လာခေါ်မယ်လို့အသေအချာပြောသွားတာမို့ ပန်းပုဆရာဟာ အရမ်းတုန်လှုပ်သွားခဲ့တယ်။


ဒါနဲ့ သူနဲ့ပုံစံတူ ပန်းပုရုပ် (၉)ရုပ်ကို နေ့မနား ညမနားပြီးမြောက်အောင်ထုလုပ်ပါတော့တယ်။ သေမင်းလာခေါ်မယ့်နေ့မှာတော့ ပန်းပုဆရာဟာ သူ့ပုံစံတူပန်းပု(၉)ရုပ်တွေကြားမှာရောပြီး ဝင်နေလိုက်တယ်။ 


သေမင်းဟာ ပန်းပုဆရာ(၁၀)ယောက်ကို မြင်လိုက်ရတဲ့အချိန်မှာ ပန်းပုဆရာလား၊ ရုပ်ထုလား၊ ခွဲခြားမရတဲ့အတွက် အတော်အကြပ်ရိုက်သွားတယ်။ 


ပန်းပုဆရာကိုလဲ စိတ်ဆိုးဆိုးနဲ့ထွက်လာဖို့ ပြောပေမယ့် ပန်းပုဆရာက မလှုပ်မယှက်ဟန်ဆောင်ထားနိုင်တဲ့အတွက် အရာမေရာက္ဘူး။ 


အတန်ကြာစဉ်းစားပြီးတော့မှ သေမင်းက စကားတစ်ခွန်းပြောလိုက်တယ်။ 


"ပန်းပုဆရာ၊ သင့်ရဲ့ဒီပန်းပုရုပ်တွေဟာ တကယ့်ကိုအစစ်နဲ့မခြားအသက်ဝင်လှပါတယ်။ ဒါပေမယ့် အားနည်းချက်တစ်ခုရှိနေတာကိုတော့ သင်သတိမထားမိခဲ့ဘူး"


ပန်းပုဆရာဟာ သူ့ပညာနဲ့ ကြံဆထုလုပ်မှုအပေါ် ဝေဖန်လိုက်တဲ့ အားနည်းချက်ဆိုတဲ့စကားကို မခံမရပ်နိုင်ဖြစ်သွားတယ်။ 


ဒါကြောင့် ရုပ်ထုတွေကြားထဲကထွက်ပြီးမေးလိုက်တယ်။ 

"ကျွန်တော့်အားနည်းချက်ဆိုတာ ဘယ်မှာလဲ ပြပါ"


သေမင်းက သူ့ကိုဖမ်းလိုက်တယ်။ 

ပြီးတော့ပြောလိုက်တယ် 


"ဒီမွာပဲ"


တကယ်တော့ ရုပ်ထုတွေအားလုံးဟာ အားနည်းချက်မရှိအောင် ပြည့်စုံကောင်းမွန်လှပါတယ်။ ပန်းပုဆရာဟာ သူ့ရဲ့ပညာအပေါ်ထားတဲ့ မျက်မာန်ဒေါသကြာင့်ပဲ သေမင်းရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ်။


သင်ခန်းစာ

---------

အတွေးအခေါ်တွေ၊ ပညာတွေဟာ ပြည်စုံကောင်းမွန်နေခဲ့ရင်တောင် ဒီပညာအပေါ်ထားရှိတဲ့ မာန်မာန၊ဒေါသတွေကြောင့် ကျရူံးသွားနိုင်ပါတယ်။


Zawgyi

ပုံျပင္ ( ၂  )


မိမိတတၳားတဲ့ ဉာဏ္ပညာေၾကာင့္ 

ဘယ္ေတာ့မွ မာန္မတက္ပါနဲ႕ ....။

----------------------------

တစ္ခါက တိုင္းျပည္တစ္ျပည္မွာ အလြန္ေတာ္တဲ့ ပန္းပုဆရာတစ္ေယာက္ရွိပါသတဲ့။ သူ႕ရဲ႕ပန္းပုပညာဟာ ဘယ္ေလာက္လက္ရာေျမာက္သလဲဆိုရင္အစစ္နဲ႕ေတာင္ခြဲဖို႔ခက္လွပါတယ္။


တစ္ညမွာေတာ့ ပန္းပုဆရာဟာ ထူးဆန္းတဲ့ အိပ္မက္တစ္ခုမက္တယ္။အိပ္မက္ထဲမွာ ေသမင္းက ေနာက္၁၅ရက္အၾကာမွာ သူ႕ကို လာေခၚမယ္လို႔အေသအခ်ာေျပာသြားတာမို႔ ပန္းပုဆရာဟာ အရမ္းတုန္လႈပ္သြားခဲ့တယ္။


ဒါနဲ႕ သူနဲ႕ပုံစံတူ ပန္းပု႐ုပ္ (၉)႐ုပ္ကို ေန႕မနား ညမနားၿပီးေျမာက္ေအာင္ထုလုပ္ပါေတာ့တယ္။ ေသမင္းလာေခၚမယ့္ေန႕မွာေတာ့ ပန္းပုဆရာဟာ သူ႕ပုံစံတူပန္းပု(၉)႐ုပ္ေတြၾကားမွာေရာၿပီး ဝင္ေနလိုက္တယ္။ 


ေသမင္းဟာ ပန္းပုဆရာ(၁၀)ေယာက္ကို ျမင္လိုက္ရတဲ့အခ်ိန္မွာ ပန္းပုဆရာလား၊ ႐ုပ္ထုလား၊ ခြဲျခားမရတဲ့အတြက္ အေတာ္အၾကပ္ရိုက္သြားတယ္။ 


ပန္းပုဆရာကိုလဲ စိတ္ဆိုးဆိုးနဲ႕ထြက္လာဖို႔ ေျပာေပမယ့္ ပန္းပုဆရာက မလႈပ္မယွက္ဟန္ေဆာင္ထားနိုင္တဲ့အတြက္ အရာေမရာကၻဴး။ 


အတန္ၾကာစဥ္းစားၿပီးေတာ့မွ ေသမင္းက စကားတစ္ခြန္းေျပာလိုက္တယ္။ 


"ပန္းပုဆရာ၊ သင့္ရဲ႕ဒီပန္းပု႐ုပ္ေတြဟာ တကယ့္ကိုအစစ္နဲ႕မျခားအသက္ဝင္လွပါတယ္။ ဒါေပမယ့္ အားနည္းခ်က္တစ္ခုရွိေနတာကိုေတာ့ သင္သတိမထားမိခဲ့ဘူး"


ပန္းပုဆရာဟာ သူ႕ပညာနဲ႕ ႀကံဆထုလုပ္မႈအေပၚ ေဝဖန္လိုက္တဲ့ အားနည္းခ်က္ဆိုတဲ့စကားကို မခံမရပ္နိုင္ျဖစ္သြားတယ္။ 


ဒါေၾကာင့္ ႐ုပ္ထုေတြၾကားထဲကထြက္ၿပီးေမးလိုက္တယ္။ 

"ကြၽန္ေတာ့္အားနည္းခ်က္ဆိုတာ ဘယ္မွာလဲ ျပပါ"


ေသမင္းက သူ႕ကိုဖမ္းလိုက္တယ္။ 

ၿပီးေတာ့ေျပာလိုက္တယ္ 


"ဒီမြာပဲ"


တကယ္ေတာ့ ႐ုပ္ထုေတြအားလုံးဟာ အားနည္းခ်က္မရွိေအာင္ ျပည့္စုံေကာင္းမြန္လွပါတယ္။ ပန္းပုဆရာဟာ သူ႕ရဲ႕ပညာအေပၚထားတဲ့ မ်က္မာန္ေဒါသၾကာင့္ပဲ ေသမင္းရဲ႕ဖမ္းဆီးေခၚေဆာင္ျခင္းကို ခံလိုက္ရတာ ျဖစ္ပါတယ္။


သင္ခန္းစာ

---------

အေတြးအေခၚေတြ၊ ပညာေတြဟာ ျပည္စုံေကာင္းမြန္ေနခဲ့ရင္ေတာင္ ဒီပညာအေပၚထားရွိတဲ့ မာန္မာန၊ေဒါသေတြေၾကာင့္ က်႐ူံးသြားနိုင္ပါတယ္။


Comments